-->

HOW TO SUCCEED IN THE GLOBAL WORKPLACE အခမဲ့အွန်လိုင်းသင်တန်းတက်ရောက်နိုင်

- July 24, 2017


ဗြိတိသျှကောင်စီနဲ့ University of Sheffield တို့မှ ပူးပေါင်းစီစဉ်ထားတဲ့ “How to Succeed in the Global Workplace” အခမဲ့ အွန်လိုင်းသင်တန်းကို တက်ရောက်နိုင်မယ်လို့ သိရပါတယ်။





ဒီအခမဲ့ အွန်လိုင်းသင်တန်းကို ယခုမှ အလုပ်ခွင်သို့ ဝင်မယ့်သူတွေ လုပ်ငန်းခွင်တွင် ထူးချွန်အောင်မြင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်တာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းမှာ အလုပ်စတင်လုပ်တဲ့ ရက်သတ္တပတ်များတွင် မိမိရဲ့လုပ်ငန်းခွင်ဘဝကို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေနဲ့ လျှောက်လှမ်းနိုင်ရန် လုပ်ဆောင်ဖွယ်ရာတွေကို ဆောင်းပါး၊ ဗီဒီယို၊ interactive material ၊ ဆွေးနွေးဖလှယ်မှု၊ လေ့ကျင့်ခန်းနဲ့ ဉာဏ်စမ်းတွေဖွယ်ဖွယ်ရာရာပါဝင်ပြီး လက်တွေ့အသုံးချနိုင်မယ့် လမ်းညွှန်ချက်တွေကြောင့် လုပ်ငန်းခွင်ပြန်လည် အသုံးချရန် များစွာသင့်တော်တဲ့ အကြံဉာဏ်တွေရမှာ ဖြစ်တယ်လို့ သိရပါတယ်။




အခမဲ့အွန်လိုင်းသင်တန်းကို အင်္ဂလိပ်ဘာသာ intermediate level ရှိသည့် မည်သူမဆိုတက် ရောက်နိုင်သလို mobile ဖုန်းများဖြင့်လည်း လွယ်ကူစွာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိရန်နှင့် သင်တန်းတက်ရောက်ရန် စာရင်းလိုသူတွေအနေနဲ့ https://goo.gl/0tgDP4 သို့ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-ဝေဝေ
Internet Jorunal


Loading...