Laptop ဝယ်မယ်ဆိုရင် မိမိကြိုက်တာ ဝယ်ချင်ပေမဲ့ ရေရှည်အသုံးမခံမှာကိုလည်း စိုးရိမ်တက်ကြပါသေးတယ် လူအများနဲ့ တိုက်ဆိုင်ပြီး ရွေးချယ်လို့ကောင်းမဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးပါမယ်
၁. Platform ရွေးချယ်ပါ။ ( Window, Mac, Linux or Chrome OS)
မိမိသုံးချင်တဲ့ Operating System ကို ပထမဆုံးရွေးပါ
၂. Touch screen ပါတာ (သို့ ) မပါတာ, မိမိလိုချင်တာကို ဆုံးဖြတ်ပါ
လုပ်ငန်းသုံး သီးသန့်အတွက်ဆိုရင်တော့ မပါတာ အကောင်းဆုံးပါပဲ
ပါရင် ဂိမ်းဆော့တာက များနေမှာပါ
၃. Laptop size ကိုရွေးပါ
ဘာလို့ရွေးခိုင်းရသလဲဆို မိမိက လူကြားထဲ တိုးဝှေ့သွားပြီးမှ အလုပ်ကိုသွားရရင် ကြီးနေတဲ့အခါ သယ်ရတာ မလွယ်လှပါဘူး
မိမိက ကိုယ်ပိုင်ကားနဲ့ အမြဲသွားနေတာဆိုရင်တော့ ကြီးလဲပြသာနာ မရှိပါဘူး
ကိုယ်သုံးနေကျ အိတ်နဲ့အဆင်ပြေပြေထည့်လို့ရတာ ပိုပြီးကောင်းပါတယ
၎. Keyboard နဲ့ Touch pad ကိုစစ်ဆေးပါ
ဖြစ်လေ့ဖြစ်ထရှိပါတယ် Laptop ကိုဖွင့်တယ် သုံးတယ် ကောင်းတယ်၊ ဒါပေမဲ့ ဝယ်ယူနေတဲ့ အချိန်မှာ ခလုတ်တိုင်းကို နှိပ်မိဖို့ဆိုတာ ရှားပါတယ်
၅. မိမိသုံးချင်တဲ့ အမျိုးအစားကို ရွေးပါ
(Intel Atom, Intel Celeron,Intel Atom, Intel Core i3,i5,i7, AMD A,FX or E series )
Intel Atom - ဈေးပေါပေါနဲ့ ရနိုင်တဲ့ Laptop မျိုးပါ
Battery ကတော့ Celeron/Pentium တို့ထက် ကြာရှည်ခံပါတယ်
Intel Pentium/Celeron - သူက ဈေးနဲနဲရှိပါတယ်
အလတ်တန်းစားလို့ပြောလို့ရပါတယ်
တချို့Pentium တွေကတော့ i-series တွေနဲ့တတန်းတည်း လုပ်ဆောင်နိုင်တာတွေရှိပါတယ်
Intel core i3,i5,i7 - နောက်ပိုင်းကျလေ ပိုကောင်းလေလို့ပြောရမှာပဲ
i7 ကတော့ သေချာပေါက်ကောင်းပါတယ် (ပြောတတ်တာ 😁)
i3,i5 ကျတော့ Processor( 2.2,2.4,2.5 GHz ) ပေါ်မူတည်ပြီးကွဲပြားပါတယ်
Processor နိမ့်နေရင်တော့ ကြာလာရင် အရည်အသွေးကျဆင်းလာပါတယ်
AMD A,FX or E series - ဈေးကွက်စီးပွားရေးအရ သင့်တင့်လျောက်ပတ်သော နှုန်းထားနဲ့ ဝင်ရောက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်
၆. RAM ကိုကြည့်ပါ
Laptop တစ်လုံးဟာ RAM ပေါ်မူတည်ပြီး ဈေးကွာသွားနိုင်ပါတယ်
ကျန်တာ အကုန်တူပြီး RAM မတူတာနဲ့ ဈေးလဲမတူတော့ပါဘူး
ခုလိုချိန်မျိုးမှာ 2 GB of RAM ဟာ အရည်အသွေးနိမ့်နေပါပြီ
ရေရှည်သုံးမယ်ဆိုရင်တော့ RAM များတာလေး ဝယ်စေချင်ပါတယ်
RAM ထပ်ဆိုက်လို့ရတဲ့ အမျိုးအစားများလဲ ရှိပါတယ်
၇. Hard Drive ( Storage Drive ) ရွေးချယ်ခြင်း
မိမိက ဇာတ်ကားတွေကူးပြီးသိမ်းမှာလား၊ သီချင်းတွေ စုထားချင်တာလား၊ သိမ်းထားရမဲ့ Data တွေက များလား၊ စသဖြင့် အကြောင်းအရာများကြောင့် Hard Drive ကလဲလိုအပ်ပါတယ်
laptop ကိုတော့ ရှင်းရှင်းလေးပဲ ထားမယ်ဆိုရင်တော့ ပမာဏနည်းတာကိုပဲ ရွေးယူပါ
များများသုံးမယ်ဆိုရင်တော့ များတာကိုရွေးပါ
ဈေးကတော့ RAM လိုပဲ ကွာခြားမှုလေးတွေရှိပါတယ်
၈. Display ( Screen Resolution )
အရေးကြီးလားဆိုတော့ ကြီးတဲ့ထဲမှာပါ ပါတယ်
ပုံမှန်ကတော့ 1366x768 ကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းသုံးတော့ လိုအပ်လာပါတယ်
Desktop Background ပုံလေးတွေထားတဲ့ အခါမှာပေါ့ မိမိ laptop က 1366x768 ဆိုပါတော့ မိမိတင်ချင်လို့ Website ကသိမ်းထားတဲ့ ပုံလေးက 1920x1080 HD လေးဖြစ်နေတယ်
သေချာတာကတော့ တင်လိုက်ရင် ဝါးနေမှာပဲ screen အပြည့်ထားတဲ့အခါမျိုးမှာ သိသာပါတယ်
၉. Battery
အမျိုးမျိုးရှိပါတယ်
အောက်ကပုံတွေမှာ Battery life လေးတွေဖော်ပြထားတဲ့ ပုံရှိပါတယ်
မိမိသဘောကျ ဆုံးဖြတ်နိုင်ပါတယ်
၁၀. Brand ရွေးချယ်ခြင်း
မိမိ နှစ်သက်သော အမျိုးအမည်ကနေ စကြည့်ပါ
အဲ့ဒါက စိတ်ချမ်းသာမှုကို စတင်ပျိုးထောင်ခြင်းပါပဲ
Credit: Computer Knowledge - Myanmar

Loading...