ဆင်းမ်ကတ် ပိုင်ဆိုင်ထားသူ အများစုအနေဖြင့် မိမိတို့ကိုင်ဆောင်ထားသည့် ဆင်းမ်ကတ်တစ်ကတ်၏ သက်တမ်းမည်မျှ ရှိသည်ဆိုသည်ကို သိရှိထားသူနည်းပါးကြောင်း ကိုင်ဆောင်ထားသူ အများစုက ပြောကြားကြသည်။ ပြည်တွင်းတွင် မိုဘိုင်း ဆက်သွယ်ရေး အပါအဝင် တစ်နိုင်ငံလုံးသို့ ဖြန့်ကြက်ဝန်ဆောင်မှုပေးမည့် အော်ပရေတာသုံးခုရှိပြီး ယင်းတို့၏ ဆင်းမ်ကတ်သက်တမ်းနှင့်ပတ်သက်၍ ဝက်ဘ်ဆိုက်အသီးသီးတွင် ဖော်ပြထားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT), Ooredoo Myanmar နှင့် Telenor Myanmar တို့၏ ဝက်ဘ်ဆိုက်တို့တွင် ဖော်ပြထားခြင်းဖြစ်သည်။
“MPT ဆင်းမ်ကတ်များသည် ဖုန်းငွေဖြည့်တိုင်း ဆင်းမ်ကတ်သက်တမ်း တိုးမြှင့်သွားမည်ဖြစ်သည်။ တစ်ကြိမ်ဖုန်းငွေဖြည့်တိုင်း ဆင်းမ်ကတ်သက်တမ်းသည် တစ်နှစ်သို့ တိုးမြှင့်သွားမည်ဖြစ်ပါသည်” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဝက်ဘ်ဆိုက်တွင် ဆင်းမ်ကတ်သက်တမ်းနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည်။ Ooredoo Myanmar ဝက်ဘ်ဆိုက်တွင် “ဖုန်းငွေဖြည့်မှု ပြုလုပ်တိုင်း ဆင်းမ်ကတ်သက်တမ်း ကုန်ဆုံးမှာမဟုတ်ပါ၊ ဖုန်းငွေဖြည့်မှု ပြုလုပ်တိုင်း ဆင်းမ်ကတ်နှင့် ဖုန်းငွေသက်တမ်းမှာ တစ်နှစ် (၃၆၅) ရက်တိုးသွားမည်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။ ယင်းအော်ပရေတာ နှစ်ခု၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်ကိုကြည့်၍ မည်သည့်အော်ပရေတာ ဆင်းမ်ကတ်ကိုမဆို ဖုန်းငွေဖြည့်မှုပြုလုပ်တိုင်း ဆင်းမ်ကတ်သက်တမ်း တစ်နှစ်တိုးမြှင့်သွားမည်ဟု ဆိုနိုင်မည်ဖြစ်ပါသည်။ “အရင်ကတည်းက သုံးနေတဲ့ ၅၀ နဲ့စတဲ့ GSM ဖုန်းကိုကိုင်နေတာ ဖြစ်ပါတယ်၊ ဆင်းမ်ကတ်သက်တမ်း
ဘယ်လောက်ရှိပြီလဲ၊ ဘယ်တော့ကုန်မလဲ တစ်ခါမှမစဉ်းစားဖူးသလိုပဲ” ဟု ကမာရွတ်မြို့နယ်ရှိ ကိုဟိန်းက ပြောသည်။
ဘယ်လောက်ရှိပြီလဲ၊ ဘယ်တော့ကုန်မလဲ တစ်ခါမှမစဉ်းစားဖူးသလိုပဲ” ဟု ကမာရွတ်မြို့နယ်ရှိ ကိုဟိန်းက ပြောသည်။
Telenor Myanmar မှ ဖြေကြားထားပုံကတော့ အခြားအော်ပရေတာနှစ်ခုနှင့် အနည်းငယ်ကွာခြားပါသည်။ “ပထမဆုံး ဖုန်းခေါ်ဆိုပြီး ရက် ၆၀ အတွင်း အနည်းဆုံး တစ်ထောင်ကျပ်နှင့်အထက် ငွေဖြည့်မှသာ ဆင်းမ်ကတ်သက်တမ်း၏ သက်တမ်း တိုးသွားပါမည်။ ဖုန်းငွေဖြည့်ပြီးပါက ဆင်းမ်ကတ်၏ သက်တမ်းမှာ ငွေဖြည့်သည့်ရက်မှစ၍ ၃၆၅ ရက်အထိ သက်တမ်းတိုးသွားပါမည်” ဟု ဆိုထားပါသည်။ ထို့ကြောင့် ဆင်းမ်ကတ်တစ်ကတ်၏ သက်တမ်းမှာ လက်ကျန်ငွေနဲ့ အဓိကသက်ဆိုင်သည်ဟု ဆိုရပါမည်။ ဆင်းမ်ကတ်သက်တမ်း ကုန်ဆုံးသွားပါက ဘာဆက်မလဲဆိုသည်ကိုလည်း အော်ပရေတာများကို အသီးသီးဖော်ပြ ထားကြသည်။
“လက်ကျန်ငွေ၏သက်တမ်း ကုန်ဆုံးသွားသည့်ရက် (သို့မဟုတ်) ပထမဆုံးဖုန်းခေါ်ဆိုပြီး ရက် ၆၀ အတွင်း ဖုန်းငွေမဖြည့်ပါက ပထမအဆင့်အနေဖြင့် ၆၁ ရက်မြောက်မှစ၍ အထွက်ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်းနှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ရက် ၉၀ အတွင်း ငွေဖြည့်ပါက သင့်အကောင့်ပြန်လည် အသက်ဝင်ပြီး၊ အကောင့်သက်တမ်း ၃၆၅ ရက်တိုးသွားပါမည်။ ပထမအဆင့် အကောင့်အပိတ်ခံရပြီး ရက် ၉၀ အတွင်း ငွေမဖြည့်ပါက ၉၁ ရက်မြောက်မှစ၍ ဒုတိယအဆင့်အနေဖြင့် သင့်အကောင့် ယာယီအပိတ်ခံရပြီး အဝင်နှင့်အထွက် ဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်းနှင့် အခြားဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ရက် ၉၀ အတွင်း ငွေဖြည့်ပါက သင့်အကောင့်ပြန်လည် အသက်ဝင်ပြီး၊ အကောင့်သက်တမ်း ၃၆၅ ရက် တိုးသွားပါမည်။ ဒုတိယအဆင့် သင့်အကောင့် ယာယီအပိတ်ခံရပြီးနောက် ရက် ၉၀ အတွင်း ငွေမဖြည့်ပါက လက်ကျန်ငွေသက်တမ်း ကုန်ဆုံးသွားမည်ဖြစ်ပြီး မည်သည့် ဝန်ဆောင်မှုကိုမှ အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ပါ။ နောက်ထပ်ရက် ၃၀ အကြာတွင် သင်၏နံပါတ်ကို အပြီးပိတ်သိမ်းမည် ဖြစ်သည်။ ထို့ကြောင့် သင်၏နံပါတ်ပိတ်သိမ်းသည့် အဆင့်အထိမရောက်မီ မည်သည့်အချိန်တွင်မဆို ငွေဖြည့်ခြင်းဖြင့် သင့်၏အကောင့် (ဖုန်းနံပါတ်) ကို ထိန်းသိမ်းရန် အကြုံပြုလိုပါသည်” ဟု Telenor Myanmar က ဖြေကြားထားသည်။
“ဆင်းမ်ကတ်သက်တမ်း ကုန်သွားမှန်း မသိလိုက်ဘူး၊ ငွေမဖြည့်တာလည်းကြာပြီ၊ တစ်နှစ်ကျော်ကြာမှ သုံးမယ်ဆိုပြီး Brand Shop ကို အထောက်အထားနဲ့ သွားလျှောက်တော့မှ ငွေမဖြည့်လို့ဆင်းမ်ကတ် သက်တမ်းကုန်တယ်ဆိုတာ သိတယ်။ မသုံးတာကြာတဲ့ ဆင်းမ်ကတ်ကို ငွေဖြည့်လိုက်ရင် ဝန်ဆောင်မှု ပြန်ရမယ်လို့ပဲ ထင်ထားတာ” ဟု ပုဇွန်တောင် မြို့နယ်တွင် နေထိုင်သူ ဒေါ်ခိုင်ခိုင်ဝင်းက
ပြောသည်။ ဖုန်းငွေဖြည့်သည့် ပမာဏအားလုံး (အနည်းဆုံး ၅၀၀ ကျပ်မှစ၍) သို့မဟုတ် ဖုန်းငွေဖြည့်မှုအားလုံး (voucher cards, easy top up, CRM) မှ ဖုန်းငွေဖြည့်ခြင်းပြုလုပ်ပါက သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း၊ ဖုန်းငွေဖြည့်ကတ် သက်တမ်းမှာ ကတ်ပေါ်တွင် ရိုက်ထားသော ရက်အတိုင်းဖြစ်ပြီး ထိုရက်မတိုင်မီ Ooredoo ဖုန်းကို ဖုန်းငွေဖြည့်ရန်လိုမည်ဖြစ်ကြောင်း၊ ဖုန်းငွေဖြည့်ပြီးပါက ဖုန်းငွေနှင့်ဆင်းမ် ကတ်သက်တမ်းမှာ တစ်နှစ် (၃၆၅) ရက်ရမည်ဖြစ်ကြောင်း၊ ဖုန်းငွေနှင့် ဆင်းမ်ကတ်သက်တမ်းအတွက် SMS ရ
ရှိမည်ဖြစ်ကြောင်း Ooredoo Myanmar က ဆိုထားသည်။
အော်ပရေတာ အားလုံး၏ ဆင်းမ်ကတ် သက်တမ်းကို *124# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် စစ်ဆေးကြည့်နိုင်မည်ဖြစ်သည်ဟု သိရသည်။ MPT ဖုန်းများအတွက် ၁၃၃၁ သို့ BAL သို့ အခမဲ့ စာတိုပေးပို့ခြင်းဖြင့် စစ်ဆေးကြည့်နိုင်မည်ဖြစ်ကြောင်း၊ Ooredoo ဖုန်းများအတွက်မူ
၂၂၃၀ သို့ b ဟု စာတိုပို့၍ စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ဆိုထားသည်။ သို့သော်လည်း အသုံးပြုသူ အများစုကမူ ထိုကဲ့သို့ စာတိုပို့၍ ဆင်းမ်ကတ်သက်တမ်းကို စစ်ဆေးခြင်း မပြုလုပ်ဖူးကြောင်း ဆိုသည်။ “ဖုန်းဘီလ်လက် ကျန်ဘယ်လောက်ရှိသလဲ ဆိုတာကိုပဲ စစ်ကြည့်ဖူးပါတယ်၊ တစ်ဖက်ကပေးပို့လာတဲ့ စာတိုထဲမှာတော့ ဖုန်းဆင်းမ်ကတ် သက်တမ်းဘာညာပါ ကောင်းပါနိုင်ပေမယ့် အဲဒီစာကိုတော့ တစ်ခါမှမဖတ်ဖြစ်ပါဘူး” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သူ ကိုသူရအောင်က ပြောကြားသည်။
သို့သော်လည်း MPT ၏ ဆင်းမ်ကတ် အမျိုးအစားများထဲမှာ GSM ဆင်းမ်ကတ်မဟုတ်သည့် ဆင်းမ်ကတ်များအတွက်မူ သက်တမ်း သတ်မှတ်ချက်မှာအခြား အော်ပရေတာများနှင့် ကွာခြားလေသည်။ MPT အနေဖြင့် ကြိုတင် ငွေဖြည့်ကတ်ဖြင့်ပေး ချေရခြင်း မဟုတ်သည့် Postpaid ဖုန်းများအတွက်လည်း ဝန်ဆောင်မှုပေးလျက်ရှိပြီး ယင်းတို့အတွက် ဆင်းမ်ကတ်သက်တမ်း သတ်မှတ်ပုံမှာ အခြားဖုန်းများနှင့် ကွာခြားမည်ဖြစ်သည်။ Postpaid စနစ်အသုံးပြုသော ဆင်းမ်ကတ်များတွင် သက်တမ်းကုန်ဆုံးရက်ရှိမည် မဟုတ်ကြောင်း၊ CDMA ဆင်းမ်ကတ် အသုံးပြုသူများသည် ဖုန်းငွေဖြည့်သည့်အပေါ် မူတည်ပြီးဆင်းမ်ကတ်ကို သက်တမ်းတိုးမြှင့် သွားမည်ဖြစ်ကြောင်း ဆိုထားသည်။
ငွေဖြည့်ပမာဏ ၃,၀၀၀ ကျပ်ဆိုပါက ဆင်းမ်ကတ် သက်တမ်းရက် ၆၀ သို့ တိုးမြှင့်မည်ဖြစ်ကြောင်း၊ ငွေဖြည့်ပမာဏ ၅,၀၀၀ ကျပ်ဆိုပါက ဆင်းမ်ကတ် သက်တမ်းရက် ၉၀ သို့ တိုးမြှင့်မည်ဖြစ်ကြောင်း၊ ငွေဖြည့်ပမာဏ ၁၀,၀၀၀ ကျပ်ဆိုပါက ဆင်းမ်ကတ်သက်တမ်း
ရက် ၁၂၀ သို့ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းမ်ကတ်များကို တစ်နှစ်အတွင်း ဖုန်းငွေဖြည့်ခြင်း လုံးဝမပြုလုပ်ပါက တစ်နှစ်ကျော်လွန်သည့် အချိန်မှစ၍ ဆင်းမ်ကတ်ကို အပြည့်အ၀ အသုံးပြုနိုင်တော့မည် မဟုတ်ချေ။ တစ်နှစ်ကျော်လွန် ပြီးသည့် နောက်တွင် ဖုန်းငွေဖြည့်ခြင်း မရှိပါက ပထမရက် ၃၀ အတွင်း ဖုန်းခေါ်ဆိုခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်မည် မဟုတ်ချေ။ နောက်ထပ်ရက် ၆၀ အတွင်း ဖုန်းခေါ်ဆိုခြင်းနှင့် ဖုန်းခေါ်ဆိုမှုလက်ခံခြင်း၊ အင်တာနက် အသုံးပြုခြင်းတို့ကိုပြု လုပ်နိုင်မည် မဟုတ်ကြောင်း ဆိုထားသည်။ ဖုန်းငွေလွှဲ ပြောင်းခြင်းမပါဝင်ဘဲ အင်တာနက် အစီအစဉ် လက်ဆောင်ရရှိပါကလည်း ဖုန်းငွေနှင့်
ဆင်းမ်ကတ် သက်တမ်းမှာ ၃၆၅ ရက် တိုးသွားမည်ဖြစ်သည်ဟု Ooredoo က ဆိုထားသည်။
-ထွန်းထွန်း
Internet Journal
Loading...