ပြည်တွင်းဓါတ်ပုံဆရာတွေရဲ့ ဓါတ်ပုံကို အွန်လိုင်းပေါ်ကနေ တရားဝင်ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။
ဝက်ဘ်ဆိုက်ပေါ်က ဓါတ်ပုံဝယ်ယူဖို့ဆိုရင် အရင်ဆုံးကိုယ်လိုချင်တဲ့ ဓါတ်ပုံကို ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ပြီး Search box မှာ အကြမ်းဖျင်း ရှာနိုင်မှာဖြစ်ပါတယ်။ ဒေသအလိုက် ဓါတ်ပုံတွေကိုလည်း တင်ထားပြီး ခေါင်းစဉ်တစ်ခုချင်းစီမှာလည်း ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။
“ကိုယ့်ရဲ့ လုပ်ငန်းမှာ ဓါတ်ပုံသုံးဖို့ လိုအပ်ချက်ရှိလာတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ Presentation အတွက် အကြောင်းအရာကို အထောက်အကူပြုမယ့် ဓါတ်ပုံကောင်းကောင်းလေးတွေ လိုနေတယ်၊ ကြော်ငြာဒီဇိုင်း၊ ကိုယ့်ရဲ့ စီးပွားရေးနဲ့ စပ်ဆက်တဲ့ ဒီဇိုင်းတွေအတွက် ဓါတ်ပုံတွေ သုံးဖို့လိုတယ်၊ မိမိရဲ့ ခရီးသွားအေဂျင်စီကို ဆွဲဆောင်မှုရှိရှိ ကြော်ငြာဖို့ အရည်အသွေးမြင့် ဓါတ်ပုံတွေ လိုနေတယ်။ ဒါတွေကို Google Images မှာ လွယ်လွယ်ရှာလိုက်ရင်တော့ ရနိုင်ပါတယ်၊ ဒါပေမဲ့ ပုံတွေဟာ ဝါးနေနိုင်တယ်။ တစ်ချို့ပုံတွေ ရေစာတွေ ပါနေတယ်၊ ကိုယ်လိုချင်တာနဲ့ မကိုက်တဲ့ ပုံတွေလည်း ပါနိုင်တယ်၊ နိုင်ငံခြားက ပုံတွေဖြစ်နေနိုင်တယ်။ နောက်ပြီး စီးပွားရေး ရည်ရွယ်ချက်အတွက် အဲ့လို Google ကပုံတွေကို လွယ်လွယ် download ချ သုံးလိုက်မယ်ဆို ဓါတ်ပုံရိုက်ကူးတဲ့ လူရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်ရာလည်း ရောက်ပါတယ်၊ ဒီဝက်ဘ်ဆိုက်မှာတော့ မြန်မာဓါတ်ပုံတွေကို တရားဝင် ဝယ်ယူနိုင်အောင် ဆောင်ရွက်ထားပါတယ်” လို့ သူကပြောပါတယ်။
ဝယ်လိုသူတွေအနေနဲ့ ဝယ်ယူချင်တဲ့ ဓါတ်ပုံဘေးမှာ Email request box ထဲ မိမိ email ကိုရိုက်ထည့်ပြီး Buy ဆိုတာနှိပ်ပြီး Payment စနစ်ရွေး ဝယ်ယူရမှာဖြစ်ပါတယ်။ ရေစာမပါဝင်တဲ့ အရည်အသွေးမြင့်ဓါတ်ပုံကို Flair Eyes က အဆိုပါ email ထံ ပို့ပေးမှာဖြစ်ပါတယ်။ ဓါတ်ပုံတစ်ပုံကို ကျပ် ၂၅,၀၀၀ က စတင်သတ်မှတ်ထားပြီး Visa, Master, MPU card များနဲ့ ဝယ်ယူနိုင်တဲ့အပြင် ဘဏ်အကောင့် မရှိသူတွေအတွက် နီးစပ်ရာ 123 Counters တွေမှာ ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။ Flair Eyes အဖွဲ့ဟာ ဖန်တီးရာ ကနေ ကျင်းပခဲ့တဲ့ Startup Challenge 2017 မှာ ဆုရရှိခဲ့တဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
-ထွန်းထွန်း
Credit : Internet Journal
-ထွန်းထွန်း
Credit : Internet Journal
Loading...