Apple ဟာ တရုတ်နိုင်ငံအတွင်းက App Store မှာ နိုင်ငံတွင်းက ဆင်ဆာစနစ်ကို ကျော်လွှားနိုင်တဲ့ နာမည်ကျော် VPN app အားလုံးကို ဖြုတ်ချခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြောင်းအလဲကို တရုတ်ပြင်ပအခြေစိုက် ExpressVPN က ပထမဆုံး သတိပြုမိခဲ့ပါတယ်။ Apple ရဲ့တရုတ်အခြေစိုက်စတိုးက ExpressVPN အပါအဝင် အရေးပါတဲ့ VPN app တွေအားလုံးကို ဖယ်ရှားခဲ့တယ်လို့ ExpressVPN က blog post မှာရေးခဲ့ပါတယ်။ သူတို့ရဲ့ app မှာ တရုတ်နိုင်ငံက တရားမဝင်လို့သတ်မှတ်ထားတဲ့ အကြောင်းအရာတွေ ပါဝင်နေတာကြောင့် ဖြုတ်ချခဲ့တယ်လို့ ExpressVPN ကဖော်ပြခဲ့ပါတယ်။
Star VPN app လည်း Apple App Store ကနေ ဖယ်ရှားခံရတယ်လို့ သက်ဆိုင်ရာကုမ္ပဏီက Twitter မှာဖော်ပြခဲ့ပါတယ်။
သုံးစွဲသူတွေဟာ VPN တွေကိုသုံးပြီး အင်တာနက်ဆင်ဆာထိန်းချုပ်မှုက လွတ်အောင် အသုံးပြုနိုင်ပါတယ်။ တရုတ်အစိုးရဟာ ဇန်နဝါရီလက VPN တွေကို ပိတ်ပင်တဲ့စည်းမျဉ်းသစ်တွေ ထုတ်ပြန်ခဲ့ပါတယ်။
Apple က ဘေကျင်းရဲ့ တောင်းဆိုချက်တွေကို လက်ခံတာဟာ လုပ်ငန်းပိုင်းအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပုံရပါတယ်။ ဒါပေမယ့်လည်း App Store ကနေ VPN တွေကို ဖယ်ရှားတာဟာ တရုတ်သမိုင်းတစ်လျှောက် အင်တာနက်လွတ်လပ်ခွင့်အတွက် အကြီးမားဆုံး နောက်ပြန်လှည့်မှုကြီး ဖြစ်ပါတယ်။
စိုးထက်
Ref: TechCrunch
Internet Journal
စိုးထက်
Ref: TechCrunch
Internet Journal
Loading...