-->

MPT မှ ဒေတာ ၅၀ ရာခိုင်နှုန်းအပိုရရှိမည့် အစီအစဉ်ပြုလုပ်

- February 20, 2017

MPT က ဒေတာ ၅၀ ရာခိုင်နှုန်း အပိုရရှိမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

 "Chin News Update >> DOWNLOAD <<



ရက် ၃၀ ရောင်စုံဒေတာပတ်ကေ့ခ်ျ အသုံးပြုသူများ ရရှိမယ့်အစီအစဉ်လို့ ဆိုပါတယ်။ အဆိုပါဒေတာ အပိုဆုများကို ပက်ကေ့ခ်ျ သက်တမ်းကုန်ဆုံးတဲ့အချိန်ထိ အသုံးပြုနိုင်မှာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ လူမှုကွန်ရက်မီဒီယာများ အသုံးပြုခြင်း၊ ဓာတ်ပုံများဝေမျှခြင်း၊ မိမိတို့နှစ်သက်ရာ အက်ပလီကေးရှင်းများ အသုံးပြုခြင်း စတာတွေကို လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။



MPT ရဲ့ GMS/WCDMA (prepaid/postpaid) ကို အသုံးပြုသူအားလုံးဟာ ပက်ကေ့ခ်ျအလိုက် သတ်မှတ်ထားတဲ့ ကုတ်နံပါတ်ကို ခေါ်ဆိုတာဖြစ်စေ၊ စာတိုပေးပို့တာဖြစ်စေ ရယူနိုင်ပါတယ်။ ဒေတာအပိုဆုကို 1GB ပက်ကေ့ခ်ျဝယ်ယူရင် 1.5GB နဲ့ 2GB ပက်ကေ့ခ်ျဝယ်ယူရင် 3GB တို့ ရရှိမှာဖြစ်ပါတယ်။

#internetjourna
Sponsored AD